စာရေးသူ

အားလုံးမြင်နိုင်ရန်
Poh Fang Chia

ဖိုးဖန်ချီယာ

ဖိုးဖန်ချီယာ (Poh Fang Chia)သည် ဘာသာစကားနှင့်ပတ်သက်သော အတတ်ပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပါ။ သူမ အနှစ်သက်ဆုံးမှာ ဓာတုဗေဒပညာရပ် ဖြစ်ခဲ့သည်။ သူမ၏ရည်မှန်းချက်ကို ပြောင်းလဲစေခဲ့သည်မှာ အသက်(၁၅)နှစ် အရွယ်၌သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့ခြင်းဖြစ်ပြီး အသက်တာများကို ထိတွေ့ပြောင်းလဲစေမည့်စာအုပ်များ ဖန်တီးလိုကြောင်း သခင့်ထံဆက်ကပ်ခဲ့သည်။ ဆရာမသည် စင်္ကာပူနိုင်ငံရှိ Our Daily Bread Ministries ရုံး ၌ အင်္ဂလိပ်ဘာသာ အကြောင်းအရာတီထွင်မှု၏ ဒါရိုက်တာအဖြစ် သာမက တရုတ်ဘာသာ စာတည်းဖြတ်ခြင်းကို ပြန်လည်သုံးသပ်သည့် ကော်မတီ၏ အဖွဲ့ဝင်အနေနှင့်လည်း တာဝန် ထမ်းဆောင်နေပါသည်။ “ကျမ်းစာလေ့လာပြီး အတွေး အမြင်သစ်ကို ဖြစ်စေတဲ့ ကျမ်းပိုဒ်ကို ရှာရတာ၊ ကျွန်မစိတ်ထဲမှာ သိချင်တဲ့အဖြေကိုရှာရတာ၊ ဘဝပြဿနာရဲ့အဖြေရှာရတာ ပျော်တယ်။ သမ္မာကျမ်းရဲ့ လက်ရှိအနေ၌ သက်ဝင်လှုပ်ရှားမှုနှင့် ဘဝအသက်တာကို ပြောင်းလဲစေတဲ့ တန်ခိုးတော်ကို စာဖတ်သူတွေ တုံ့ပြန် ခံယူနိုင်ပါစေလို့ ဆုတောင်းပြီး စာရေးပါတယ်” ဟု ဆိုသည်။

စာမူ/ အကြောင်းအရာ များ ဖိုးဖန်ချီယာ

မည်သူ သူတို့ကို ပြောပြမည်နည်း

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့ပြီး ငြိမ်းချမ်းရေးကို ကြေညာခဲ့သည်။ ဖိလစ်ပိုင်ကျွန်းပေါ်တွင် အခြေစိုက်ထားသည့် ဂျပန်စစ်တပ်မှ လူငယ်တပ်ကြပ် ဟီရူအိုနိုဒါသည် စစ်ကြီး ပြီးဆုံးခဲ့သည်ကို မသိခဲ့ပါ။ သူ့ကို ကြိုးစား၍ ခြေရာခံလိုက်ပြီး စစ်ပွဲပြီးဆုံးကြောင်း အကြောင်းကြားသည့် စာရွက်များကို သူရှိသည့်ကျွန်းပေါ်သို့ လေကြောင်းမှ ကြဲခဲ့သည်။ သို့သော် ၁၉၄၅ ခုနှစ်က ထိုနေရာတွင် ဆက်၍တိုက်ပွဲဝင်ရန် သူလက်ခံရရှိခဲ့သည့် နောက်ဆုံးအမိန့်ကို အိုနိုဒါ သည် နာခံခဲ့ပြီး၊ စစ်ပြီးကြောင်း အကြောင်းကြားစာများသည် ရန်သူ၏လှည့်စားမှုဟု ထင်မြင်ခဲ့သည်။ စစ်ကြီးပြီး၍
နှစ်ပေါင်း ၃၀ နီးပါးမျှအကြာ ၁၉၇၄ ခုနှစ်၊ မတ်လတိုင် သူလက်နက် မချခဲ့ပါ။ သူ၏ယခင် အရာရှိဟောင်းသည် ဂျပန်မှ ဖိလစ်ပိုင်သို့ ရောက်လာပြီး၊ သူ၏ မူလအမိန့်သည် တရားမ၀င်တော့ကြောင်း၊ အိုနိုဒါကို တာဝန်မှ တရားဝင် ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည်။ နောက်ဆုံးတွင်မှ အိုနိုဒါ သည် စစ်ပွဲပြီးဆုံးကြောင်း…

လူသားမျိုးနွယ်

နာရီအချက်ပေးသံ မြည်လာစဉ် စောလွန်းလှသည်ဟု ထင်ရသည်။ သို့သော် တစ်နေ့တာခရီးကို ဖြတ်သန်းရဦးမည်။ လုပ်စရာအလုပ်များ၊ အချိန်းအချက်များ၊ ဂရုပြု စောင်မရမည့် လူများ စသည်ဖြင့် ၀တ္တရားများစွာရှိသည်။ သင် တစ်ဦးတည်း မဟုတ်ပါ။ လူပေါင်းများစွာတို့သည် ကိစ္စတစ်ခုပြီးတစ်ခု နိစ္စဓူဝ လုပ်ဆောင်နေကြသည်။ ထို့ကြောင့် လူတစ်ဦးက ‘‘လူသားမျိုးနွယ်ပေမို့’’ ဟု အရွှန်းဖောက်သည်။
ပထမဦးဆုံးသော သာသနာပြုခရီးစဉ်မှ ပြန်ရောက် လာကြသည့် တပည့်တော်များ၌ အစီရင်ခံစရာများစွာ ရှိသည်။ တပည့်တော်များ၏အမှုတော်မြတ်နှင့် စပ်လျဉ်း၍ သခင်ယေရှု၏သုံးသပ်ချက်ကို ရှင်မာကု မှတ်တမ်းမတင်ဘဲ တပည့်တော်များ ခေတ္တအနားယူရန် အရေးကို သခင်ပူပန် တော်မူကြောင်း အဓိကဖော်ပြသည်။ ‘‘(ယေရှု) ကလည်း တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ၊ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူ၏’’ (မာ ၆း၃၁)။
ဘုရားသခင်၏မျက်မှောက်တော်သို့ တိုးဝင်ဝန်ခံခြင်း၊ ကိုယ်တော့်အား ကိုးစားခြင်းအားဖြင့် မှန်သောငြိမ်ဝပ်နားနေရာကို…

ချစ်တတ်ရန် သင်ယူခြင်း

ချစ်ခြင်းမေတ္တာ၏ စွမ်းအားသည် ‘‘ကမ္ဘာကို လည်ပတ်စေခြင်း’’ ထက်မက သာလွန်သည် ဟု ရှေးဆိုရိုးရှိသည်။ မေတ္တာသည် ကျွန်ုပ်တို့ကို  လုံးဝ ခံနိုင်ရည်မဲ့သွားအောင်လည်း လုပ်နိုင်သည်။ ‘‘သူတစ်ပါးရဲ့ ချီးကျူးဂုဏ်ပြုမှု မခံရမှတော့ ဘာကြောင့် ချစ်ရမှာလဲ’’ ‘‘ကိုယ်ကိုယ်ကိုယ် အနာခံပြီး ဘာကြောင့် ချစ်ရမှာလဲ’’ စသည်ဖြင့် တစ်ချိန်ပြီးတစ်ချိန် ကျွန်ုပ်တို့ ပြောကောင်းပြောမိမည်။ သို့ရာတွင် ရှင်ပေါလုက
ချစ်မေတ္တာနောက်လိုက်ရန် ရိုးရှင်းသော အကြောင်းပြချက်ကို
ပေးထားသည်။ ‘‘ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။ ချစ်ခြင်း မေတ္တာကို မီအောင်လိုက်ကြလော့ (၁ ကော ၁၃း၁၃-၁၄း၁)။
‘‘ချစ်ခြင်းမေတ္တာသည် လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်၏
မဖြစ်မနေ လုပ်ဆောင်မှုဖြစ်သည်။ လူသည် ဘုရားသခင်ကို လည်းကောင်း၊ သူတို့၏ အပေါင်းအပါတို့ကို လည်းကောင်း ချစ်လျှင်…

ကိုယ်တော် ကူမမူပါ

ကျွန်မသူငယ်ချင်းက ‘သူ ကလေးအမေ ဖြစ်တော့မည်’ ဟုပြောပြစဉ် သူ့အတွက် ကျွန်မ ၀မ်းသာခဲ့သည်။ ကလေးမွေးဖွားမည့် ရက်တိုင်အောင် အတူတကွ ရေတွက်ခဲ့ကြသည်။ သို့သော် မီးတွင်း၌ ကလေးက ဦးနှောက်ဒဏ်ရာ ရသွားသောအခါ ကျွန်မနှလုံး ကြေကွဲခဲ့ပြီး မည်သို့ ဆုတောင်းရမည်ကိုပင် မသိတော့ပါ။ ကျွန်မသိသည်က ဘုရားရှင်ထံ ဆုတောင်းသင့် ကြောင်းတည်း။ ကိုယ်တော်သည် ကျွန်မတို့၏အဘ၊ ကျွန်မတို့ ခေါ်သောအခါ နားညောင်းတော်မူသောပုဂ္ဂိုလ် ဖြစ်သည်။
ဘုရားရှင်သည် အံ့ဩဖွယ်နမိတ်လက္ခဏာများကို တတ်စွမ်းနိုင်ကြောင်း ကျွန်မသိသည်။ ယာဣရု၏သမီးလေးကို အသက်ပြန်ရှင်စေခဲ့ပြီး (လု ၈း၄၉-၅) ဘ၀တစ်လျှောက်လုံး သူခံစားနေရသော ရောဂါဝေဒနာကိုလည်း ပျောက်ကင်းစေ လျက် ကျန်းမာရသောအခွင့်ပေးခဲ့သည်။ ထို့ကြောင့် ကျွန်မ သူငယ်ချင်း၏ ကလေးအတွက်လည်း ကျန်းမာခြင်း ဆောင်ကြဉ်း
ပေးရန် တောင်းလျှောက်ခဲ့သည်။
‘‘တကယ်လို့များ ဘုရားရှင်က မကျန်းမာစေဘူးဆိုရင် ဘယ်လိုလုပ်မလဲ’’၊ တန်ခိုးမရှိတာတော့ မဟုတ်ဘူး။…

သိကျွမ်းခြင်းနှင့် လုပ်ဆောင်ခြင်း

‘‘အကြောင်းအရာ အချက်အလက်များကို သိခြင်းက လွယ်ကူသည်။ ထိုအချက်အလက်များကို အခြေခံပြီး မည်သို့ လုပ်ဆောင်ရမည်ကို သိခြင်းကမူ ခက်ခဲပါသည်’’ ဟု တရုတ်အတွေးအခေါ် ပညာ ရှင် ဟန်ဖီဇီက ဘ၀နှင့် ပတ်သက်သည့် ဒဿနကို လေ့လာတွေ့ ရှိခဲ့သည်။
တစ်ခါကလည်း သူ ကြွယ်တစ်ဦးသည် ထိုပြဿနာနှင့် သခင်ယေရှုထံ ရောက်လာသည်။ မောရှေ၏ပညတ်များကို သူသိပြီး ငယ်စဉ်ကတည်းပင် ပညတ်တော်များကို စောင့်ထိန်း
ခဲ့သည် (မာ ၁၀း၂၀)။ သို့သော် သခင်ယေရှုထံမှ ဘာများ ထပ်ကြားနာရမည်နည်းဟု သူတွေးခဲ့ပုံရသည်။ ‘‘ကောင်းမြတ် သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း’’(း၁၇) ဟု မေးလျှောက်သည်။
သခင်ယေရှု၏အဖြေကြောင့် သူကြွယ်လေးမှာ စိတ်ပျက်သွားသည်။ သူ့ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသား များအားပေးပြီးမှ သူ့နောက်လိုက်ရန် ယေရှုမိန့်ကြားသည် (း၂၁)။ ဤစကားမျိုးကို သူမကြားလို၊…

ဆုတောင်းခြင်း မာရသွန်

ပုံမှန်ဆုတောင်းသောအသက်တာ ရှိရန် သင်ရုန်းကန်နေရပါသလား။ လူအတော်များများမှာ ရုန်းကန်နေရသည်။ ဆုတောင်းခြင်း၏အရေးပါပုံကို ကျွန်ုပ်တို့သိသော်လည်း တကယ့်ကို ခက်ခဲသောအရာဖြစ်သည်။ ဘုရားသခင်နှင့် စစ်မှန်နက်ရှိုင်းစွာ ရင်းနှီးသော အချိန်များ ရှိသကဲ့သို့ မိမိစိတ်ခံစားမှုအတိုင်း သွားနေခြင်းဟု ထင်မှတ်မိသည့်အချိန်အခါများလည်း ရှိသည်။ ဆုတောင်းရာ၌ အဘယ်ကြောင့် ရုန်းကန်နေရသနည်း။
ယုံကြည်ခြင်းအသက်တာသည် တာဝေးအပြေးပြိုင်ပွဲ တစ်ခုပင်ဖြစ်သည်။ ဆုတောင်းခြင်းအသက်တာ၏ အတက် အဆင်းနှင့် ကုန်းမြင့်လွင်ပြင်များသည် ပြိုင်ပွဲ၏သဘောကို ပုံဆောင်သည်။ မာရသွန်ပြေးပွဲ၌ မပြတ်ပြေးနေရသကဲ့သို့ပင် ဆုတောင်းခြင်း၌လည်း ကျွန်ုပ်တို့ဆက်လက် ဆုတောင်းနေရန် လိုသည်။ အဓိကမှာ အရှုံးမပေးရန် ဖြစ်သည်။
၎င်းသည် ဘုရားရှင်၏ခွန်အားပေးမှုလည်း ဖြစ်သည်။ တမန်တော်ရှင်ပေါလုက "မခြားမလပ် ဆုတောင်းပဌနာပြုကြလော့" (၁သက် ၅း၁၇)၊ ဆုတောင်းပဌနာပြုခြင်း အမှုကို အမြဲပြုကြလော့။ (ရောမ ၁၂း၁၂)၊ "ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏"
(ကော ၄း၂)ဟု မိန့်ကြားသည်။ ၎င်းမိန့်မှာချက်များသည် ဇွဲလုံ့လနှင့်ခိုင်ခံ့လျက် ဆုတောင်းခြင်း…

ယေရှုသည် မျက်ရည်ကျတော်မူ၏

ကျွန်မက စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်ရှုနေ၍ ကျွန်မသူငယ်ချင်းက `ဘာဖတ်နေတာလဲ´ဟု ခါးကိုင်းကာ စူးစမ်းသည်။ ပြီးနောက် ချက်ချင်းဆိုသလို ကျွန်မကို အထိတ်တလန့်ကြည့်ကာ “အမလေး စိတ်ပျက်စရာကြီး” ဟု ဆိုသည်။
ကျွန်မက “ဂရင်းနတ်သမီးပုံပြင်” စာအုပ်မှ “မှန်ခေါင်းတလား” ဟူသည့် ဇာတ်လမ်း ကို ဖတ်နေခြင်းဖြစ်ပြီး သူက `ခေါင်းတလား´ ဟူသည့် စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွား သည်။
လူသား၏မတည်မြဲခြင်းသဘောကို သတိပေးလာမှုကို ကျွန်မတို့ သဘောမကျပါ။ သို့သော် လူတစ်ထောင်တွင် တစ်ထောင်လုံး သေဆုံးရမည်ဟူသည်ကား အမှန်တရားပါ။        သေခြင်းတရားသည် နက်နဲသောတုံ့ပြန်မှုကို ဖြစ်ပေါ် စေသည်။ သခင်ယေရှုသည် သူနှင့်အလွန်းရင်းနှီးသည့် မိတ်ဆွေတစ်ဦး၏ဈာပနတွင် ပြင်းထန်သော ခံစားချက်ကို ဖော်ပြခဲ့သည်။ မကြာမီကမှ မာရိ၏မောင်သေဆုံးသွားရာ၊ မာရိကိုတွေ့သော် သခင်ယေရှုသည် `အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ´ကြောင်း (ယော ၁၁း၃၃)၊ အခြားသော ဘာသာ…

မည်သူ့အတွက် အလုပ်လုပ်သနည်း

ဟင်နရီသည် တစ်ပတ်လျှင် နာရီပေါင်း ၇၀ အလုပ်လုပ်သည်။ သူ့အလုပ်ကို သူမြတ်နိုး တန်ဖိုးထားပြီး လခထုတ်ချိန်၌ မိသားစုအတွက် ဖူလုံလောက်ငှသည့် လစာကိုထုတ်ယူ နိုင်သည်။ အလုပ်လုပ်သည့်အချိန်ကို လျှော့ရန် သူစိတ်ကူးသော်လည်း အထမမြောက် သေးပါ။ တစ်နေ့တွင် ကုမ္ပဏီ၏အမြင့်ဆုံးရာထူးသို့ သူ့အား တိုးမြှင့်ခန့်ထားလိုက်ပြီ ဖြစ်ကြောင်း သတင်းကောင်းကို အိမ်သို့ယူဆောင်ခဲ့သည်။ သို့သော် အိမ်၌ မည်သူမျှမရှိပါ။ ကလေးများက အရွယ်ရောက်
ကြီးပြင်းကာ အိမ်မှထွက်ခွာသွားသည်။ သူ့ဇနီးကလည်း အလုပ်ရသွားသဖြင့် ယခုတွင် အိမ်က ဗလာနတ္တိ၊ မည်သူမျှ မရှိပြီ။ ၀မ်းမြောက်စရာ သူ့သတင်းကောင်းကို မျှဝေခံစား မည့်သူမရှိပြီ။
မိမိလုပ်ကိုင်သည့် အလုပ်အကိုင်နှင့် စပ်လျဉ်း၍ ဘ၀၌ မျှတဆီလျှော်မှု ရှိရန်လိုကြောင်း ရှောလမုန်မင်းက မိန့်ကြားလျက်၊ `မိုက်သော သူသည် မိမိလက်ချင်းပိုက်ထား၍ မိမိအသားကို စားတတ်၏ ´(ဒေ ၄း၅) ဟု ရေးသားခဲ့…

အပြုသဘောဆောင်သော ထပ်တလဲလဲပြောဆိုမှု

ဂျာနယ်သမားတစ်ဦး၌ ဘောပင်မှင်အပြာကိုမသုံးသည့် တစ်မူထူးသောအကျင့်တစ်ခု ရှိသည်။ သို့နှင့် သူ့မိတ်ဆွေက စတိုးဆိုင်မှဘာဝယ်ပေးခဲ့ရမလဲဟုမေးရာ သူက"ဘောပင်
ဝယ်ခဲ့ပေးပါ။ ဒါပေမယ့် အပြာမဟုတ်ဘူးနော်။ ငါက ဘောပင်မှင်အပြာရောင်ကို မလိုချင်ဘူး။ အပြာရောင်ကို မကြိုက်ဘူး။ အပြာဆိုတာ သိပ်လေးလံလွန်းတယ်။ ကျေးဇူး ပြုပြီး မှင်စိုဘောပင် ၁၂ ချောင်းဝယ်ခဲ့ပေး။ အပြာမဟုတ်ရင် ပြီးရော" ဟု ပြောလိုက်သည်။ နောက်တစ်နေ့တွင် သူ့ မိတ်ဆွေဝယ်လာပေးသော ဘောပင်များမှာ အားလုံးအပြာ
ဖြစ်နေသည်။ သို့နှင့် အကြောင်းရင်းကိုမေးရာ "မင်းက အဆက်မပြတ် အပြာအပြာနဲ့ ပြောနေတော့ အဲဒီ စကားလုံးက
ငါ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားတာပေါ့" ဟု ပြန်ဖြေ သည်။ ဂျာနယ်သမား၏ ထပ်ခါထပ်ခါပြောသောစကားက အကျိုးသက်ရောက်မှု ရှိသည်။ သို့သော် သူလိုချင်သော အရာကိုဖြင့် မရခဲ့ပါ။
ဣသရေလလူတို့အတွက် ပညတ်တရားများ ချမှတ် ပေးသူ မောရှေသည်လည်း…

အဘွား၏ ချက်နည်းပြုတ်နည်း

မိသားစုအတော်များများတွင်  ဟင်းလျာတစ်ခွက်ကို  အလွန်အရသာရှိအောင်  အထူးချက်ပြုတ်သည့်နည်း၊  လျှို့ဝှက်ဟင်းချက်နည်းတစ်ခုရှိကြသည်။  ကျွန်မတို့  ဟာ့ကာစ် တရုတ်လူမျိုးစုများအတွက်  ပေသီးပုံသဏ္ဌာန်ရှိသောကြောင့်  ပေသီးဟင်းဟု  အမည်ပေးထားသည့် ရိုးရာဟင်းတစ်ခွက်ရှိသည်။ ထိုဟင်းကို သင်မြည်းကြည့်သင့်သည်။ အမှန်ပင် အဘွားတွင်  အကောင်းဆုံးဟင်းချက်နည်းရှိသည်။  တရုတ်နှစ်သစ်ကူး၌  မိသားစုမိတ်ဆုံညစာစားပွဲတွင် "ဒီဟင်းကို  ဘယ်လိုချက်ရတယ်ဆိုတာ  သင်ထားသင့်တယ်" ဟု ကျွန်မတို့အချင်းချင်းပြောဖြစ်ကြသော်လည်း  အဖွားကို တစ်ခါမျှ မမေးဖြစ်ပါ။ ယခု အဘွားမရှိတော့ပါ။ သူမ၏လျှို့ဝှက်ဟင်းချက်နည်းက သူမနှင့်အတူပါသွားလေပြီ။ ကျွန်မတို့အဘွားကိုသတိရပြီး  သူ့ဟင်းချက်နည်းကိုဆုံးရှုံးရသည်မှာ  ၀မ်းနည်းစရာပါ။  သို့သော်  ကျွန်မတို့ရရှိထားသည့်  ယုံကြည်ခြင်းအမွေအနှစ်ကို  ထိန်းသိမ်းရန်  ပျက်ကွက်ခဲ့ပါက ပို၍၀မ်းနည်းစရာကောင်းပါလိမ့်မည်။ မျိုးဆက်တိုင်းကနောက်မျိုးဆက်သစ်အား  ဘုရားသခင်၏  တန်ခိုးကြီးသောအမှုအရာများကို  လက်ဆင့်ကမ်းရန်  ကိုယ်တော်အလိုရှိခဲ့သည်။" အမှုတော်တို့ကို  လူမျိုးအဆက်ဆက်တို့သည်ချီးမွမ်း၍၊  တန်ခိုးတော်များကို  ဟောပြောကြပါလိမ့်မည်"  (ဆာလံ  ၁၄၅း၎)ဟု  မောရှေ၏ညွှန်ကြားချက်ကို ဆာလံဆရာက ထပ်မံ ထင်ဟပ်ပြောခဲ့သည်။ ကယ်တင်ခြင်းကို  ကျွန်မတို့မည်ကဲ့သို့လက်ခံရရှိခဲ့သည်၊  စိန်ခေါ်မှုများနှင့် ကျွန်မတို့ ရင်ဆိုင်ရသောအခါ…